ပြင်သစ် သမ္မတနှင့် အစ္စရေး ဝန်ကြီးချုပ်သည် ဂါဇာ ဒေသ အခြေအနေနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2023-12-28 16:35:13  

ပြင်သစ် သမ္မတရုံးမှ ယခုလ ၂၇ရက်နေ့ညက ထုတ်ပြန်ခဲ့သော သတင်းပြန်တမ်းတွင် ပြင်သစ် သမ္မတ မက်ခရွန်သည် ထိုနေ့က အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုတို့သည် ဂါဇာ ဒေသ အခြေအနေနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု ဖော်ပြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

မက်ခရွန်းသည် ဂါဇာ ကမ်းမြောင်တွင် အရပ်သူ အရပ်သား အများအပြား သေကြေ ဒဏ်ရာရရှိမှုနှင့် ၄င်းဒေသတွင် ပြည်သူများ ရင်ဆိုင်နေရသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အရေးပေါ် အခြေအနေ အပေါ် လွန်စွာ အာရုံစိုက်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် ၄င်းက အစ္စရေးသည် အရပ်သူအရပ်သားများကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ ပြင်သစ် နိုင်ငံသည် ဂျော်ဒန် နိုင်ငံနှင့် ပူးပေါင်းပြီး ဂါဇာ ကမ်းမြောင်တွင် လူသားချင်း စာနာထောက်ထားမှုများကို ဆောင်ရွက်မည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။