နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင် လူဝင်လူထွက်ဦးရေ နေ့စဉ်ပျမ်းမျှ ၁.၅၆သန်း ရှိနိုင်သည် ဟု တရုတ်အမျိုးသားလူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးဗျူရိုက ခန့်မှန်း

(GMT+08:00)2023-12-28 13:32:15  

နိုင်ငံတကာလေကြောင်းလိုင်းများကို ဆက်တိုက်ပြန်လည်ဖွင့်လှစ်လာပြီး ထိုင်း၊ မလေးရှား စသောနိုင်ငံများသည် တရုတ်နိုင်ငံသားများအတွက် ဝင်ခွင့်ဗီဇာfreeပေါ်လစီ ရှိကာ တရုတ်နိုင်ငံသည် ပြင်သစ်၊ ဂျာမနီ စသောနိုင်ငံ၆နိုင်ငံတို့အား ဝင်ခွင့်ဗီဇာfree ပေါ်လစီ တစ်ဖက်သတ်ရှိသည်နှင့်အမျှ နှစ်သစ်ကူးရုံးပိတ်ရက်အချိန်တွင် တရုတ်တစ်ပြည်လုံးရှိ ဂိတ်များ လူဝင်လူထွက်စီးဆင်းမှုအထွတ်အထိပ်သို့ ရောက်ရှိနိုင်ကြောင်း၊ လူဝင်လူထွက် ဦးရေ နေ့စဉ်ပျမ်းမျှ ၁.၅၆သန်း ရှိမည်ဖြစ်ပြီး ၂၀၂၃ခုနှစ် နှစ်သစ်ကူး ရုံးပိတ်ရက် အချိန်ကထက် ၅ဆတိုးများလာကာ ၂၀၁၉ခုနှစ်အလားတူအချိန်ပိုင်းက လူဝင်လူထွက်မှု ပမာဏ၏ ရာခိုင်နှုန်း၉၀ ရှိမည်ဖြစ်ကြောင်း တရုတ်အမျိုးသားလူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲရေးဗျူရိုမှ ခန့်မှန်းချက်အရ သိရသည်ဟု China Media Groupက ရေးသားဖော်ပြ ပါသည်။