တရုတ် နိုင်ငံ၏ ထုတ်လုပ်ရေး စွမ်းအားမြင့် နိုင်ငံကြီး တည်ဆောက်ရေးသည် ခြေလှမ်း မှန်မှန်ဖြင့် တိုးတက်

(GMT+08:00)2023-12-28 13:31:14  

ယခုလ ၂၈ရက်နေ့တွင် တရုတ် နိုင်ငံတော် ထုတ်လုပ်ရေး စွမ်းအားမြင့် နိုင်ငံကြီး တည်ဆောက်ရေး မဟာဗျူဟာ အတိုင်ပင်ခံ ကော်မတီနှင့် တရုတ် အင်ဂျင်နီယာ အကယ်ဒမီစသည့် လုပ်ငန်းဌာနများမှ ပူးတွဲ ထုတ်ပြန်ကြသော “၂၀၂၃ တရုတ် နိုင်ငံ၏ ထုတ်လုပ်ရေး စွမ်းအားမြင့် နိုင်ငံကြီး ဖွံ့ဖြိုးရေး အညွှန်းကိန်း အစီရင်ခစာ”ကို ထုတ်ပြန်ပါသည်။ ၄င်းအစီရင်ခံစာတွင် ၂၀၂၂ခုနှစ်၌ တရုတ် နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းသည် မက္ကရို ထိန်းညှိမှုကို အားဖြည့်ဆောင်ရွက်ပြီး ထုတ်လုပ်ရေး စွမ်းအားမြင့် နိုင်ငံကြီး ဖွံ့ဖြိုးရေး အညွှန်းကိန်းသည် ၁၂၀ ကျော် ဖြစ်သည့် အဆင့်မြင့်မားသော အရည်အချင်းတွင် တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ကာ ထုတ်လုပ်ရေး စွမ်းအားမြင့် နိုင်ငံကြီး တည်ဆောက်ရေးသည် ခြေလှမ်းမှန်မှန်ဖြင့် တိုးတက်နေကြောင်း ဖော်ပြထားပါသည်။