CMGရိုက်ကူးထုတ်လုပ်သော “၂၅နှစ်ကြာရခဲ့ပေမယ့် ရှန်သန်မှု ရှိနေသည့် တရုတ်-တောင်အာဖရိက ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု”မှတ်တမ်းတင်ကား ထုတ်လွှင့်ပြသ တော့မည်

(GMT+08:00)2023-12-28 13:30:20  

ယခုနှစ်သည် တရုတ်နိုင်ငံနှင့် တောင်အာဖရိက နိုင်ငံ အကြား သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် ၂၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ တရုတ်-တောင်အာဖရိက ဆက်ဆံမှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ အကြား ရှင်သန်မှု အရှိဆုံး ဆက်ဆံမှုများတွင် တစ်ခု အပါအဝင် ဖြစ်လာပါသည်။ China Media Groupနှင့် South African Broadcasting Corporationတို့ ပူးပေါင်း ရိုက်ကူးထုတ်လုပ်ကြသော  “၂၅နှစ်ကြာရခဲ့ပေမယ့် ရှန်သန်မှု ရှိနေသည့် တရုတ်-တောင်အာဖရိက ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု” မှတ်တမ်းတင်ကားတွင် သံတမန် ဆက်ဆံရေး၊ စီးပွားရေးနှင့် လူမှု ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး နယ်ပယ်များ၌ တရုတ်နှင့် တောင်အာဖရိက နှစ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များကို ဘက်စုံ ဖော်ပြပါသည်။

ယင်းမှတ်တမ်းတင်ကားသည် အပိုင်း၃ပိုင်း ပါရှိပြီး ယခုလ ၂၈ရက်နေ့မှ ၃၀ရက်နေ့အထိ CMGအောက်ရှိ CCTV-4၊ CGTN အင်္ဂလိပ်ဘာသာ ချန်နယ်နှင့် CGTNမှတ်တမ်းတင်ကား ချန်နယ်များတွင် ပထမဆုံး အကြိမ် ထုတ်လွှင့်ပြသမည် ဖြစ်ပါသည်။