ဂျပန်နိုင်ငံ ရာကူရှီးမားကျွန်းအနီးပင်လယ်၌ ပျက်ကျခဲ့သော အမေရိကန်စစ်တပ်မှ “Ospery” သယ်ယူပို့ဆောင်ရေး လေယာဉ် အပျက်အစီးများကို ဆယ်ယူနိုင်ခဲ့

(GMT+08:00)2023-12-28 13:36:52  

အမေရိကန်စစ်တပ်သည် ယခုလ ၂၇ ရက်နေ့က ဂျပန်နိုင်ငံ ကာဂိုရှီးမားပြည်နယ် ရာကူရှီးမားကျွန်းအနီးပင်လယ်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့က ယင်းပင်လယ်ရပ်ဝန်း၌ ပျက်ကျခဲ့သော “Ospery” သယ်ယူပို့ဆောင်ရေးလေယာဉ်အပျက်အစီးများကို ဆယ်ယူနိုင်ခဲ့ ကြောင်း ကျိုဒိုသတင်းဌာနမှ ၂၇ ရက်နေ့က ဖော်ပြခဲ့ပါသည်။

ယင်းသယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ဝန်ထမ်း ၈ ဦးစလုံး သေဆုံးခဲ့ပြီး၊  ၇ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိပြီး၊ ကျန် တစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေနေဆဲဖြစ်သည်ဟု သိရပါသည်။