တရုတ်နိုင်ငံ လွန်ပန်- ဗီယက်နမ် ထရာလင် (TràLĩnh) အပြည်ပြည်ဆိုင်ရာဂိတ် ၂၈ရက်နေ့တွင် ဖွင့်လှစ်

(GMT+08:00)2023-12-28 13:38:47  

ယခုလ ၂၈ရက်နေ့ မနက် ၁၀နာရီတွင် တရုတ်နိုင်ငံ လွန်ပန်- ဗီယက်နမ် ထရာလင် (TràLĩnh) အပြည်ပြည် ဆိုင်ရာဂိတ် (တရုတ်နာရှီ-ဗီယက်နမ်နာနွန်အပါအဝင်)ကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ လွန်ပန်ဂိတ် သည် ကွမ်ရှီးကျင်ရှီးမြို့တွင်ရှိပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ ဗီယက်နမ်မှတစ်ဆင့် အာဆီယံသို့ ရောက်ရှိနိုင်သော အဆင်အပြေဆုံးလမ်းကြောင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ လွန်ပန်ဂိတ်ကို ၂၀၀၇ခုနှစ် အောက်တိုဘာလက တရားဝင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁ခုနှစ် မေလက တရုတ် နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် လွန်ပန်ဂိတ်ကို နိုင်ငံတကာဂိတ်တစ်ခုအဖြစ် တိုးချဲ့စေပြီး နာရှီလမ်းကြောင်းကိုလည်း တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း၊  တရုတ်နှင့် ဗီယက်နမ်တို့မှ ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များ၏ မူလအကောက်ခွန်ရှင်းလင်းရေးနယ်ပယ်မှ ကမ္ဘာတစ်ဝှမ်းလုံးသို့ အပြန်အလှန်သွားလာရန် တိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။