၁၀ နှစ်အတွင်းတွင် “Belt and Road” အတူတကွတည်ဆောက်မှု၌ သမိုင်းဝင် အောင်မြင်မှုများ ရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-12-28 16:33:15  

ဒီဇင်ဘာလ ၂၇ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ မော်နင် က “Belt and Road”အဆိုပြုချက်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်မှ ကမ္ဘာ့ယေဘုယျအခြေအနေကို နက်နက်နဲနဲ ဆုပ်ကိုင်ထားပြီး လူသားတို့၏ ရှေ့အလားအလာနှင့် ကံကြမ္မာကို ထည့်သွင်းစဉ်းစား၍ ဖော်ပြသော အရေးကြီးသည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဆိုပြုချက် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်းတွင် “Belt and Road” အတူတကွတည်ဆောက်မှုတွင် သမိုင်းဝင် အောင်မြင်မှုများ ရရှိခဲ့ပြီး ရေပန်းအစားဆုံးသော နိုင်ငံတကာအများပြည်သူသုံး ကုန်ပစ္စည်း နှင့် အတိုင်းအတာ အကြီးမားဆုံးသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ မော်နင် က “Belt and Road”အဆိုပြုချက် တင်ပြခဲ့သည့် ၁၀နှစ်ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုရန် ၃ကြိမ်မြောက် “Belt and Road”နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်ကို အောက်တိုဘာလတွင် ကြီးကျယ် ခမ်းနားစွာကျင်းပခဲ့ကြောင်း၊ “Belt and Road” အတူတကွတည်ဆောက်မှုကို အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်လိုက်ခြင်းကို ပြဆိုနိုင်ကြောင်း၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် လွန်ခဲ့သည့် ၁၀နှစ်အတွင်းရရှိခဲ့သည့် အောင်မြင်မှုများကို ပြန်လည်သုံးသပ်ပြီး အောင်မြင်မှုအတွေ့အကြုံများကို စုပေါင်းသုံးသပ် ကာ တရုတ်နိုင်ငံမှ “Belt and Road” အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက် ရေးဆိုင်ရာ လုပ်ဆောင်ချက်၈ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ “Belt and Road” ဦးတည်ချက်အသစ်ကို ညွှန်ပြပေးပြီး မျှော်မှန်းချက်အသစ်ကို ဖွင့်လှစ်ပေး၍ တွန်းအားအသစ်ကို ထည့်သွင်းပေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် “Belt and Road” အဆိုပြုချက် တင်ပြခဲ့သည့် ၁၀နှစ်ပြည့်မြောက်ခြင်းကို အစသစ်အဖြစ် ထားပြီး ဘက်အသီးသီးတို့နှင့်အတူ “Belt and Road” အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက်ရေးကို တွန်းအားပေးကာ လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးအတွက် တောင့်တင်းသော အင်အားသစ်များ ထည့်သွင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။