ဂျာမနီမှ ၂၀၂၃ ခုနှစ် လက်နက်ပစ္စည်းများတင်ပို့မှုပမာဏသည် စံချိန်သစ်တင်

(GMT+08:00)2023-12-28 13:35:54  

၂၀၂၃ ခုနှစ်တွင် ဂျာမနီအစိုးရမှ နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် အတည်ပြုထားသော လက်နက်ပစ္စည်းများ၏ တန်ဖိုးသည် ယူရိုငွေ ၁၁.၇၁ ဘီလီယံထက်မနည်းရှိခဲ့သည်ဟု ဂျာမနီစီးပွားရေးဝန်ကြီးဌာနမှ ယခုလ ၂၇ ရက်နေ့ ကောက်ယူမှု စာရင်းအရသိရပါသည်။ အဓိကအားဖြင့် ယူကရိန်းအား စစ်ရေးထောက်ပံ့ပေးခဲ့ခြင်းကြောင့် ဂျာမနီ၏ လက်နက် ပစ္စည်းများ တင်ပို့မှုပမာဏသည် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း အကဲဖြတ်သူများက ဖော်ပြကြ ပါသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဂျာမနီအစိုးရမှ အတည်ပြုထားသော လက်နက်ပစ္စည်းများတင်ပို့မှုပမာဏသည် ၂၀၂၂ခုနှစ်ကထက် ရာခိုင်နှုန်း ၄၀ တိုးလာကြောင်း ဂျာမနီစီးပွားရေးဝန်ကြီးဌာနမှ ထိုနေ့ထုတ် အချက်အလက်များကို ကိုးကား၍ ဂျာမနီ သတင်းဌာနမှ ၂၇ ရက်နေ့က ဖော်ပြခဲ့ပါသည်။