တရုတ်-ဗီယက်နမ် ပထမဆုံးသောအထူးရထား ခရီးစတင်

(GMT+08:00)2023-12-28 13:33:05  

ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက် ၉နာရီခွဲက ယူနန်ထွက်အာလူးများ ကွန်တိန်နာ ၁၄လုံး တင်ဆောင်ထားသော ကွန်တိန်နာရထားအမှတ် ၄၄၉၀၃သည် ဟုန်ဟို ဟာနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ Mengziမြို့ Mengziမြောက်ဘူတာမှနေ ဖြည်းဖြည်း ခြင်းထွက်ခွာခဲ့ကြောင်း၊ ယင်းသည် တရုတ်-ဗီယက်နမ် ပထမဆုံးသောအထူးရထား ခရီးစတင် ထွက်ခွာခြင်းကိုပြဆိုကြောင်း၊ နောက်၂ရက်အကြာတွင် အဆိုပါ အာလူးများ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။