ဖိလစ်ပိုင်ဘက်အနေနှင့် ဆင်ခြေတုံတရားရှိသောရွေးချယ်မှုပြုလုပ်နိုင်ပြီး တရုတ်ဘက်နှင့် ပင်လယ်ပေါ် အခြေအနေကို ကောင်းမွန်စွာ အတူ စီမံထိန်းချုပ်နိုင်ရန် တရုတ် မျှော်လင့်

(GMT+08:00)2023-12-27 16:22:08  

ဒီဇင်ဘာလ ၂၆ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ လက်ရှိ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးဆိုင်ရာ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် မော်နင်က ယခုတလော တရုတ်-ဖိလစ်ပိုင်တို့ကြား ဖြစ်ပွားသော အချို့ကိစ္စရပ်များသည် ဖိလစ်ပိုင်ဘက်မှ မူဝါဒ နှင့်ရပ်တည်ချက် ပြောင်းလဲခြင်း၊ ကိုယ့်ကတိပြုချက်ကို ဖောက်ဖျက်ခြင်း၊ နိုင်ငံတကာဥပဒေနှင့် “တရုတ်တောင်ပင်လယ် ဘက်အသီးသီးတို့ ဆောင်ရွက်ရေးကြေညာချက်”ကို ချိုးဖောက်ခြင်း၊ အခွင့်အရေးကို တမင်သက်သက် ကျူးကျော်ခြင်း နှင့် ရန်စပြုခြင်းတို့ကြောင့်ဖြစ်ပြီး ဖိလစ်ပိုင်ဘက်သည် တာဝန်အပြည့်ရှိ ကြောင်း၊ တရုတ်ဘက်သည် မိမိနယ်မြေ၏ အချုပ်အခြာအာဏာ နှင့် ပင်လယ်သမုဒ္ဒရာ အခွင့်အရေးကို ပြတ်သားစွာထိန်းသိမ်း စောင့်ရှောက်မည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက် အနေနှင့် ဆင်ခြေတုံတရားရှိသော ရွေးချယ်မှုပြုလုပ်နိုင်ပြီး ဆွေးနွေးညှိနှိုင်းခြင်းဖြင့် သဘောကွဲလွဲမှုကို သင့်လျော်စွာ ဖြေရှင်းနိုင်သော မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ပြန်ရောက်ကာ တရုတ်ဘက်နှင့် ပင်လယ်ပေါ်အခြေအနေကို ကောင်းမွန်စွာ အတူ စီမံထိန်းချုပ်နိုင်ရန် မိမိတို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။