ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် ဂါဇာဒေသတွင် လူပေါင်း ၂၀၆၀၀ ကျော် သေဆုံးခဲ့ပြီး၊ စစ်ဆင်ရေး ပြီးဆုံးရန် ဝေးသေးသည်ဟု အစ္စရေး ဝန်ကြီးချုပ်ဆို

(GMT+08:00)2023-12-27 16:19:12  

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကြောင့် ဂါဇာဒေသ၌ ပါလက်စတိုင်းသား စုစုပေါင်း ၂၀၆၇၄ ဦး သေဆုံးပြီး ၅၄၅၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာဒေသ ကျန်းမာရေးဌာနက ဒီဇင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဦးဆောင်သည့် လီကွတ်ပါတီက ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နေတန်ယာဟုသည် ထိုနေ့ လီကွတ်ပါတီ အစည်းအဝေးသို့ တက်ရောက်သည့်အခါ ဂါဇာဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများ ပြီးဆုံးရန် ဝေးသေးကြောင်း၊ အစ္စရေးစစ်တပ်သည် လာမည့်ရက်အနည်းငယ်အတွင်း ၎င်း၏ထိုးစစ်ကို အရှိန်အဟုန်မြှင့်မည်ဖြစ်ပြီး တိုက်ပွဲများ အချိန်ကြာမြင့်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု ဖော်ပြပါသည်။