ယနေ့ခေတ်တွင် မော်စီတုံးကို အထိမ်းအမှတ်ပြုခြင်းသည် မည်သည့် အနက်အဓိပ္ပါယ် ရှိသနည်း

(GMT+08:00)2023-12-27 16:23:32  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ယခုလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ကွယ်လွန်သွားခဲ့သော တရုတ် နိုင်ငံတော် ခေါင်းဆောင်၊ ဥက္ကဋ္ဌကြီး မော်စီတုံး၏ နှစ် ၁၃၀ပြည့် မွေးနေ့ အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲ  ကို ကျင်းပခဲ့ပါသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြားခဲ့ရာ ရဲဘော် မော်စီတုံးသည် မွန်မြတ်သော မာ့က်စ်ဝါဒီ ဖြစ်ပြီး မြင့်မြတ်သော ပစ္စည်းမဲ့ လူတန်းစား တော်လှန်ရေး သမားကြီး၊ ဗျူဟာကျကျ တွေးခေါ်မြော်မြင်တတ်သူနှင့် သဘောတရား ဖော်ထုတ်သူ ဖြစ်ကာ တရုတ် ဆိုရှယ်လစ် ခေတ်မီရေး တည်ဆောက်မှု လုပ်ငန်း အတွက် မွန်မြတ်သော အခြေခံ အုတ်မြစ် ချမှတ်ပေးသူ ဖြစ်၍ ကမ္ဘာပေါ်တွင် ဖိနှိပ်မှု ခံရသည့် လူများ၏ လွတ်မြောက်ရေးနှင့် လူသား တိုးတက်မှု လုပ်ငန်း အတွက် အရေးကြီး အကျိုးပြုမှုကို စွမ်းဆောင်ခဲ့သော မွန်မြတ်သည့် လူမျိုးစုံ သွေးစည်းရေး ဝါဒီ (Internationalist) ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က မော်စီတုံးကို အကောင်းဆုံး အထိမ်းအမှတ်ပြုခြင်းမှာ ၄င်းအစပျိုး တည်ထောင်ခဲ့သော လုပ်ငန်းကို ရှေ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက် တွန်းအားပေး ရန်ပင် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

တရုတ် ပြည်သူများသည် မော်စီတုံး အပေါ် အဘယ်ကြောင့် ယင်းသို့ ကြီးမားလေးနက်သော သံယောဇဉ် ထားရှိသနည်း။ ယနေ့ခေတ်တွင် မော်စီတုံးကို အထိမ်းအမှတ်ပြုခြင်းသည် မည်သည့် အနက်အဓိပ္ပါယ် ရှိသနည်း။

    တရုတ် အသွင်ပုံစံ ခေတ်မီရေးသည် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသည့် ဆိုရှယ်လစ် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်တွင် ဖြစ်တည်လာခြင်း ဖြစ်ပြီး မော်စီတုံးသည် ယင်း အတွက် အရေးကြီးသည့် အကျိုးပြု စွမ်းဆောင်မှု ရှိပါသည်။ မော်စီတုံးသည် ပြည်သူများက တိုင်းပြည်၏ အရှင်သခင်အဖြစ် တိုင်းရေးပြည်ရာတွင် ပါဝင်ဆောင်ရွက်ကြသည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို တည်ထောင်ပြီး ခေတ်မီသော ဆိုရှယ်လစ် စနစ်ကို တည်ထောင်ခဲ့ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့ပါသည်။ မော်စီတုံး အတွေးအခေါ်တွင် ပါရှိသည့် အမှီအခိုကင်းစွာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရှိခြင်း၊ ဟုတ်တိုင်းမှန်ရာလုပ်ခြင်း ဟူသော ရပ်တည်ချက်၊ အမြင်သဘောနှင့် နည်းလမ်းများသည် ယနေ့ခေတ် အထိ တိုင်အောင် အလွန် အရေးကြီးသည့် လမ်းညွှန်ရေး ဆိုင်ရာ အနက်အဓိပ္ပါယ် ရှိမြဲရှိနေသေးကြောင်း ပညာရှင်များက ယူဆကြပါသည်။

တရုတ် နိုင်ငံတွင် မတူခြားနားသော လူတန်းစားများနှင့် လူအုပ်စုများက မော်စီတုံးကို အထိမ်းအမှတ်ပြုသည့် အကြောင်းရင်းများမှာ တစ်ချက်က မော်စီတုံး၏ ကိုယ်ပိုင် ဩဇာ တိက္ကမနှင့် ပြည့်စုံခြင်းကြောင့် ဖြစ်ကြောင်း၊ ပိုပြီး အရေးကြီးသည့် အချက် ကတော့ မော်စီတုံး ဖော်ပြထားသည့် တရုတ် ကွန်မြူနစ်ပါတီ၏ သဘောသဘာဝနှင့် ရည်ရွယ်ချက်မှာ “ပြည်သူ့ အတွက် ဝန်ဆောင်မှု ပေးရန်” ဖြစ်ခြင်းသည် တရုတ် ကွန်မြူနစ်ပါတီကို အခြား နိုင်ငံရေးပါတီ မှန်သမျှနှင့် ခွဲခြားနိုင်သော အရင်းခံ ထူးခြားချက် ဖြစ်ပြီး တရုတ် ကွန်မြူနစ်ပါတီ အနေနှင့် ရေရှည် အာဏာကျင့်သုံး နိုင်သည့် သော့ချက်လည်း ဖြစ်ပါသည်။