တရုတ် ကိုယ်တိုင်တီထွင်ထုတ်လုပ်သည့်“Air Taxi”စမ်းသပ်ပျံသန်း

(GMT+08:00)2023-12-27 16:21:31  

မြို့ပြလူဦးရေ အဆက်မပြတ် တိုးများလာပြီး ယာဉ်ကြောပိတ်ဆို့မှု တစ်နေ့တခြား ဆိုးရွားလာခြင်းနှင့်အမျှ လူများသည် လေကြောင်းသယ်ယူပို့ဆောင်ရေး အမျိုးအစားသစ် ကို လိုလားကြပါသည်။ မကြာသေးမီက အနာဂတ်၏ “Air Taxi”ဟု သတ်မှတ်ခံရသည့် တရုတ်နိုင်ငံမှ ကိုယ်တိုင်တီထွင်ထုတ်လုပ်သည့် လျှပ်စစ်သုံး ဒေါင်လိုက်အတက်အဆင်း လုပ်နိုင်သော ခရီးသည်တင်လေယာဉ် အောင်မြင်စွာ စမ်းသပ်ပျံသန်းခဲ့ပါသည်။
    ရှန်ဟိုင်းမြို့ရှိ လေကြောင်းသိပ္ပံနည်းပညာကုမ္ပဏီတစ်ခုမှ တီထွင်ထုတ်လုပ်သည့် လျှပ်စစ်သုံး ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်သော လျှပ်စစ်သုံး ဒေါင်လိုက်အတက်အဆင်း လုပ်နိုင်သော ခရီးသည်တင်လေယာဉ် M1 သည် အရှည် ၁၀မီတာရှိပြီး အမြင့် ၃မီတာရှိကာ တောင်ပံအပါအဝင် အလျား( wingspan) ၁၅မီတာရှိပါသည်။ အလေးချိန် ၂တန်ရှိပြီး မောင်းသူမဲ့ဖြစ်ကာ ဒီဇိုင်းအကွာအဝေးမှာ ကီလီမီတာ ၂၅၀ ရှိပါသည်။ အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ရှိပြီး အများဆုံး ကီလိုဂရမ် ၅၀၀ သယ်ယူပို့ဆောင်နိုင်ကာ လူ၅ဦး စီးနိုင်ပါသည်။