တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် မော်စီတုံး၏ နှစ် ၁၃၀ပြည့် မွေးနေ့ အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲ ကျင်းပပြီး ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြား

(GMT+08:00)2023-12-27 16:24:15  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ယခုလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ကွယ်လွန်သွားခဲ့သော တရုတ် နိုင်ငံတော် ခေါင်းဆောင်၊ ဥက္ကဋ္ဌကြီး မော်စီတုံး၏ နှစ် ၁၃၀ပြည့် မွေးနေ့ အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲ  ကို ကျင်းပခဲ့ပါသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြားခဲ့ရာ ရဲဘော် မော်စီတုံးသည် မွန်မြတ်သော မာ့က်စ်ဝါဒီ ဖြစ်ပြီး မြင့်မြတ်သော ပစ္စည်းမဲ့ လူတန်းစား တော်လှန်ရေး သမားကြီး၊ ဗျူဟာကျကျ တွေးခေါ်မြော်မြင်တတ်သူနှင့် သဘောတရား ဖော်ထုတ်သူ ဖြစ်ကာ တရုတ် ဆိုရှယ်လစ် ခေတ်မီရေး တည်ဆောက်မှု လုပ်ငန်း အတွက် မွန်မြတ်သော အခြေခံ အုတ်မြစ် ချမှတ်ပေးသူ ဖြစ်၍ ကမ္ဘာပေါ်တွင် ဖိနှိပ်မှု ခံရသည့် လူများ၏ လွတ်မြောက်ရေးနှင့် လူသား တိုးတက်မှု လုပ်ငန်း အတွက် အရေးကြီး အကျိုးပြုမှုကို စွမ်းဆောင်ခဲ့သော မွန်မြတ်သည့် လူမျိုးစုံ သွေးစည်းရေး ဝါဒီ (Internationalist) ဖြစ်ကြောင်း၊ မော်စီတုံး အတွေးအခေါ်သည် တရုတ် ကွန်မြူနစ်ပါတီ၏ အဖိုးတန်သည့် စိတ်ပိုင်းဆိုင်ရာ ဥစ္စာဓန ဖြစ်ပြီး မိမိတို့၏ ဆောင်ရွက်မှုများကို ရေရှည် လမ်းညွှန်ပေးမည် ဖြစ်ကြောင်း၊ ရဲဘော် မော်စီတုံးကို အကောင်းဆုံး အထိမ်းအမှတ်ပြုခြင်းမှာ ၄င်းအစပျိုးတည်ထောင်ခဲ့သော လုပ်ငန်းကို ရှေ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက် တွန်းအားပေးပြီး တရုတ် အသွင်ပုံစံ ခေတ်မီရေးဖြင့် တိုင်းပြည် အင်အားတောင့်တင်းအောင် တည်ဆောက်မှုနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေး လုပ်ငန်းကို ဘက်စုံ တွန်းအားပေးရန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။