တရုတ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်း၊ အပြန်အလှန် အကျိုးရှိစေခြင်း၊ သက်ညှာထောက်ထားခြင်း ဟူသောနိုင်ငံခြားရေးမူများကို တက်တက် ကြွကြွ အကောင်အထည်ဖော်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-12-27 16:22:45  

ဒီဇင်ဘာလ ၂၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ယခုနှစ်သည် အိမ်နီးချင်းနိုင်ငံ များနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်း၊ အပြန်အလှန်အကျိုးရှိစေခြင်း၊ သက်ညှာ ထောက်ထားခြင်း ဟူသောနိုင်ငံခြားရေးမူများကို တင်ပြခဲ့သည့် ၁၀နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်းတွင် တရုတ်နိုင်ငံအနေဖြင့် ၄င်းနိုင်ငံခြားရေးမူများ ကို တက်တက်ကြွကြွအကောင်အထည်ဖော်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို နိုင်ငံခြားရေးတစ်ခုလုံးအခြေအနေတွင် အမြဲတမ်းဦးစားပေးဆောင်ရွက်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် သည် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ကူးလူးဆက်ဆံမှု အသေးစိတ် အစီအစဉ်များကို ကိုယ်တိုင်ရေးဆွဲချမှတ်ပြီး အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လည်ပတ် ကာ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံသည့် အနေအထားကို ထိရောက်စွာ ဦးဆောင်ချဲ့ထွင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို ကျယ်ပြန့်စွာ ထားရှိပြီး နိုင်ငံ၁၀နိုင်ငံကျော်နှင့် ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

    ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဗီယက်နမ်နိုင်ငံ သို့ အောင်မြင်စွာ သွားရောက်လည်ပတ်ခြင်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်း၊ အပြန်အလှန်အကျိုးရှိစေခြင်း၊ သက်ညှာထောက်ထားခြင်း ဟူသော နိုင်ငံခြားရေးမူများကို နောက်ထပ်တစ်ကြိမ် အသက်ဝင် ဖွင့်ဆိုခြင်း ဖြစ်ကြောင်း၊ ရှီကျင့်ဖိန် သံတမန်ရေးရာအတွေးအခေါ်၏ လမ်းညွှန်ချက်အောက်တွင် တရုတ်နိုင်ငံသည် ချစ်ခင် ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်း၊ အပြန်အလှန်အကျိုးရှိစေခြင်း၊ သက်ညှာထောက်ထားခြင်း ဟူသောနိုင်ငံခြားရေးမူများကို တက်တက်ကြွကြွ အကောင်အထည်ဖော်ပြီး အိမ်နီးချင်းနိုင်ငံ များနှင့် ချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများနှင့် အကျိုးစီးပွားပေါင်းစပ်မှုများကို နက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ သက်ညှာထောက်ထား ရေး၊ ပေါင်းစပ်ရေးဟူသော အာရှအမြင်တန်ဖိုးကို ပြန့်ပွားထွန်းကားစေပြီး ဒေသတွင်း စည်းလုံးညီညွတ်ရေး၊ တံခါးဖွင့်ရေးနှင့် တိုးတက်ရေးအတွက် အထောက်အကူသစ် ပြုမည် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများအား တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ အကျိုးရလဒ်များကို ပိုမိုများပြားစွာ ခံစားစေပြီး အာရှတိုက်၏ ခေတ်မီရေး ဖြစ်စဉ်ကို အတူတကွ တွန်းအား ပေးမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းတည်ငြိမ်ပြီး စည်ပင်သာယာကာ ချစ်ခင်စွာအတူယှဉ်တွဲသော အာရှအိုးအိမ်ကို တည်ဆောက်ရန် ဒေသတွင်း နိုင်ငံများနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။