ကုလသမဂ္ဂသည် ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးမှူး ခန့်အပ်

(GMT+08:00)2023-12-27 16:20:45  

ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ကုလသမဂ္ဂက နယ်သာလန်ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးရာထူးမှ နုတ်ထွက်မည့် Sigrid Kaag အား ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီ နှင့် The Time of Israel တို့မှ သတင်းဖော်ပြချက်အရ သိရပါသည်။

ထိုနေ့တွင်ပင် Sigrid Kaag သည် ဘုရင်ထံ နုတ်ထွက်စာတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ နယ်သာလန်၏ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးရာထူးမှ တရားဝင်နုတ်ထွက်မည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့ပါသည်။ ကုလသမဂ္ဂက Sigrid Kaag သည် ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးမှူးရာထူးကို ထိုနေ့တွင်ပင် တရားဝင် တာဝန်ထမ်းဆောင်လိမ့်မည်ဟု ပြောဆိုခဲ့ပါသည်။