လီချန် သည် ၄ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်

(GMT+08:00)2023-12-26 14:53:52  

ဒီဇင်ဘာလ ၂၅ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် သည် ၄ ကြိမ်မြောက်လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ဗီဒီယိုပုံစံဖြင့် တက်ရောက်ခဲ့ပါသည်။ တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန် နှင့် မြန်မာနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် အစည်းအဝေးကို ပူးတွဲကြီးမှူးကျင်းပခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မာနိုက်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆုံဆိုင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆရက်ထာ ထာဗီဆင် နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖန်မင်ချင်း တို့လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြ ပါသည်။

    လီချန် က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် လန်ချန်း-မဲခေါင်၆နိုင်ငံများမှ ကမကထပြုပြီး တွန်းအားပေးနေသော အရေကြီးသည့် လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၄င်းလုပ်ငန်းကို မလျှော့သောဇွဲဖြင့် တွန်းအားပေးသင့်ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အဆက်မပြတ် နက်ရှိုင်းလာစေပြီး လက်တွေ့ကျဆောင်ရွက်သင့်ကြောင်း၊ “Belt and Road” အရည်အသွေးမြင့်မားစွာ အတူတကွတည်ဆောက်ရေး စံပြဇုန်၊ တစ်ကမ္ဘာလုံးဖွံ့ဖြိုး တိုးတက်ရေးအဆိုပြုချက် ရှေ့ပြေးဇုန်၊ တစ်ကမ္ဘာလုံးလုံခြုံရေးအဆိုပြုချက် စမ်းသပ်ဇုန်နှင့် တစ်ကမ္ဘာလုံးယဉ်ကျေးမှုအဆိုပြုချက် အကောင်းဆုံးသောဇုန်တို့ကို ကြိုးပမ်းတည်ဆောက် သင့်ကြောင်း၊ နိုင်ငံအသီးသီးတို့မှ ပြည်သူများ၏ ချမ်းသာသုခကို ဆက်တိုက် တိုးပွားလာစေရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ ခေတ်မီရေးအကောင်အထည်ဖော်ရန် လမ်းကြောင်း ပေါ်တွင် အပြန်အလှန်ကူညီဖေးမပြီး ရှေ့သို့ အတူတကွ လျှောက်လှမ်းသင့် ကြောင်း ပြောကြားခဲ့ ပါသည်။
    အစည်းအဝေးတွင် ၄ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေး နေပြည်တော် ကြေညာစာတမ်း၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်စီမံကိန်း၊ လန်ချန်း- မဲခေါင်ဒေသ ဆန်းသစ်တီထွင်ရေးစင်္ကြံတည်ဆောက်ရေးဆိုင်ရာ ပူးတွဲအဆိုပြုချက်တို့ကို ထုတ်ပြန်ခဲ့ပါ သည်။ ထိုင်းနိုင်ငံသည် ၅ကြိမ်မြောက်လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး ပူးတွဲသဘာပတိနိုင်ငံ ဖြစ်လာပါသည်။