အမေရိကန်တွင် ခရစ္စမတ်နေ့၏ တစ်ဖက်ခြမ်းမှ အိမ်ယာမဲ့များ

(GMT+08:00)2023-12-26 14:58:09  

ခရစ္စမတ်မတိုင်ခင်ရက်များက အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ရာသီဥတု လွန်စွာ အေးခဲခဲ့ပါသည်။ လူများသည် နယူးယောက်ဗဟိုဥယျာဉ် အရှေ့ဘက်ရှိ “နယူးယောက် အများပြည်သူ အစားအစာ သိုလှောင်ခန်း”ဖြစ်သည့် NGOအဖွဲ့တစ်ဖွဲ့ထံသို့ အစားအစာယူရန် လာရောက်ခဲ့ကြပါသည်။ ယင်းNGOမှဝန်ထမ်းတစ်ဦးက ယခုနှစ်တွင် အခမဲ့အစားအစာလာရောက်ယူသူဦးရေ တစ်ရှိန်ထိုးတိုးများလာကြောင်းပြောကြားပါသည်။