ဟိုဘေ ထန်ဆန်တွင် သန့်စင်သော စွမ်းအင်များဖြင့် အစိမ်းရောင်ကာဗွန်နည်းသော ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြု

(GMT+08:00)2023-12-26 14:52:57  

လွန်ခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံ ဟိုဘေပြည်နယ် ထန်ဆန်မြို့သည် လေအား လျှပ်စစ်ဓာတ်အားပေးမှုနှင့် Photovoltaic လျှပ်စစ်ဓာတ်အားပေးမှုစသည့် စွမ်းအင်သစ် စီမံကိန်း တည်ဆောက်မှုများကို စနစ်တကျ တွန်းအားပေးပြီး အစိမ်းရောင်ကာဗွန်နည်း သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခဲ့ပါသည်။ လက်ရှိ ထန်ဆန်မြို့တွင် လေအား လျှပ်စစ်ဓာတ်အားပေးမှုနှင့် Photovoltaic လျှပ်စစ်ဓာတ်အားပေးမှုစသည့် သန့်စင်သော စွမ်းအင်များ တပ်ဆင်မှုပမာဏမှာ ကီလိုဝပ် ၃.၂၄၂သန်း ရှိပါသည်။