အမေရိကန်သည် အစ္စရေးသို့ လက်နက်ပစ္စည်း တန်ချိန် ၁၀၀၀၀ကျော် တင်ပို့ခဲ့ကြောင်း အစ္စရေးမီဒီယာ ဖော်ပြ

(GMT+08:00)2023-12-26 14:55:19  

ယခုလ ၂၅ရက်နေ့က အစ္စရေးချန်နယ်၁၂မှ သတင်းအချက်အလက်အရ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားပြီးကတည်းက အမေရိကန်သည် သယ်ယူပို့ဆောင်ရေး လေယာဉ် ၂၄၄ စင်းနှင့် သင်္ဘောအစီး၂၀ဖြင့် အစ္စရေးသို့ လက်နက် ပစ္စည်း တန်ချိန်၁၀၀၀၀ကျော် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်မှ အစ္စရေးသို့ တင်ပို့သော လက်နက်ပစ္စည်းများတွင် သံချပ်ကာယာဉ်များ၊ လက်နက်ခဲယမ်းမီးကျောက်များနှင့် အကာအရံကိရိယာများ ပါဝင်ကြောင်း၊ အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနသည် မကြာသေးမီက အမေရိကန်ထံမှ ကန်ဒေါ်လာ ၂.၈ ဘီလီယံနီးပါး တန်ဖိုးရှိသော လက်နက်ပစ္စည်း နောက်ထပ် ဝယ်ယူခဲ့ကြောင်း၊ လက်ရှိတွင် ခဲယမ်းများသိုလှောင်ထားရှိမှု သေချာစေရန် အစ္စရေး၏ စစ်ရေး စက်မှုထုတ်လုပ်မှုလိုင်းအားလုံးသည် ၂၄နာရီပတ်လုံး လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။