ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ခရီးသည် စုစုပေါင်း ၁ သန်းကျော်ကို ပို့ဆောင်နိုင်ခဲ့

(GMT+08:00)2023-12-26 16:21:16  

တရုတ်-အင်ဒိုနီးရှား ပူးတွဲတည်ဆောက်ထားသော “Belt and Road” ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းဖြစ်သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ခရီးသည် စုစုပေါင်း ၁ သန်းကျော်ကို ပို့ဆောင်နိုင်ခဲ့ကြောင်း China Railway International Co. Ltd. မှ ယခုလ ၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် “Belt and Road” အတူတည်ဆောက်ရေးနှင့် အင်ဒိုနီးရှား၏ “ကမ္ဘာ တစ်ဝန်းလုံး ပင်လယ် အခရာ”( Global Maritime Fulcrum) အယူအဆ အကြား ချိတ်ဆက်မှု နှင့် တရုတ်-အင်ဒိုနီးရှား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းဖြစ်ပြီး၊  ဂျကာတာနှင့် အင်ဒိုနီးရှား၏ စတုတ္ထအကြီးဆုံးမြို့ ဖြစ်သည့် ဘန်ဒေါင်းမြို့ကို ဆက်သွယ်ထားကာ စုစုပေါင်း အရှည် ၁၄၂ ကီလိုမီတာဖြစ် သည်ဟု သိရပါသည်။