ပင်လယ်ပြင်ပေါ်မှ ဂြိုဟ်တု ၃လုံးကို လွှတ်တင်

(GMT+08:00)2023-12-26 14:57:31  

ဒီဇင်ဘာလ ၂၆ရက်နေ့ ၆နာရီ ၃၉မိနစ်တွင် တရုတ်နိုင်ငံ ထိုက်ယွမ် ဂြိုဟ်တု လွှတ်တင်ရေးစင်တာသည် ကွမ်တုံးပြည်နယ် ယန်ကျန်းအနီးရှိပင်လယ်ရပ်ဝန်း၌ လောင်းမတ်ချ်-၁၁ သယ်ဆောင်ရေးဒုံးပျံဖြင့် Shiyan 24C ဂြိုဟ်တုများကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ဂြိုဟ်တု ၃လုံးသည် သတ်မှတ်ထားသောပတ်လမ်းသို့ ချောမောစွာ ဝင်ရောက်ခဲ့ကာ လွှတ်တင်ရေးတာဝန်ကို အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပါသည်။ Shiyan 24C ဂြိုဟ်တုများသည် အာကာသ သိပ္ပံနည်းပညာ စမ်းသပ်မှုများတွင် အဓိက အသုံးပြုခြင်းဖြစ်ပါသည်။ ယခုအကြိမ်တာဝန်သည် လောင်းမတ်ချ်စီးရီးသယ်ဆောင်ရေး ဒုံးပျံ၏ ၅၀၃ကြိမ်မြောက် ပျံသန်းမှုဖြစ် ကြောင်း China Media Groupမှသတင်းအရ သိရပါသည်။