တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင်သည် ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ရေး အခမ်းအနားကျင်းပ၊ ရှီကျင့်ဖိန်သည် ခန့်အပ်လွှာပေးအပ်ပြီး ရာထူးတိုးခံရသော စစ်ဗိုလ်များအား ဂုဏ်ပြုကြောင်း ဖော်ပြ

(GMT+08:00)2023-12-26 16:20:22  

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင်သည် ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ရေး အခမ်းအနားကို ယခုလ ၂၅ ရက်နေ့က တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့ပါသည်။ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ရာထူးတိုးမြှင့်ရေး အခမ်းအနားသို့ တက်ရောက်ပြီး ရာထူးတိုးခံရသူများအား ခန့်အပ်လွှာပေးအပ်၍ ဂုဏ်ပြု ကြောင်း ဖော်ပြခဲ့ပါသည်။

ယခုအကြိမ် ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခြင်းခံရသော စစ်ဗိုလ်များသည် တောင်ပိုင်း စစ်ဌာနချုပ် နိုင်ငံရေးကော်မတီဝင် Wang Wenquan နှင့် ရေတပ်မှူး Hu Zhongming တို့ ဖြစ်ကြပါသည်။