အမေရိကန်-အစ္စရေးခေါင်းဆောင်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ်၊ ဘိုင်ဒန်က အပစ်အခတ်ရပ်စဲရန် ပန်ကြားခြင်းမရှိဟု ဆို

(GMT+08:00)2023-12-25 15:57:54  

ဒေသစံတော်ချိန် ယခုလ ၂၃ ရက်နေ့က အမေရိကန်အိမ်ဖြူတော်မှ ကြေညာချက် ထုတ်ပြန်ပြီး၊အမေရိကန်သမ္မတဘိုင်ဒန်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့သည် တယ်လီဖုန်းဖြင့်ဆက်သွယ်ကာ  ဂါဇာဒေသတွင် အစ္စရေးဘက်မှ စစ်ရေး ဆောင်ရွက်မှု၏ "ရည်မှန်းချက်နှင့် အဆင့်ကာလ"စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြခဲ့ပါသည်။

ဘိုင်ဒန်က မိမိအနေနှင့် "အပစ်အခတ်ရပ်စဲရန်ပန်ကြားခြင်းမရှိ"ဘဲ၊ ယင်းသည် " "ပုဂ္ဂိုလ်ရေး စကားပြောဆိုခြင်း"ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့ သည်ဟု ရိုက်တာသတင်းအရသိရပါသည်။