အစ္စရေးတပ်ဖွဲ့သည် ဂါဇာဒေသအလယ်ပိုင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ဒုက္ခသည်စခန်း၌ လူ ၇၀ ထက်မနည်း သေဆုံး

(GMT+08:00)2023-12-25 15:58:21  

ဒီဇင်ဘာလ ၂၄ရက်နေ့က ပါလက်စတိုင်းရုပ်မြင်သံကြားဌာနမှ ထုတ်ပြန်ချက်အရ ထိုနေ့ညတွင် အစ္စရေးတပ်ဖွဲ့သည် ဂါဇာဒေသအလယ်ပိုင်းရှိ Maghazi ဒုက္ခသည်စခန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ပါလက်စတိုင်းသား ၇၀ဦးထက်မနည်း သေဆုံးခဲ့ ကြောင်းသိရပါသည်။ လေကြောင်းမှ တိုက်ခိုက်ခံရသည့်နေရာသည် လူနေထူထပ်သော Maghazi ဒုက္ခသည်စခန်းဖြစ်ကြောင်း၊ သေဆုံးသူအများစုသည် အမျိုးသမီး နှင့် ကလေးများဖြစ်ကြောင်း၊ သေဆုံးသူဦးရေသည် ဆက်လက်မြင့်တက် နိုင်ဖွယ်ရာရှိကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။