အင်ဒိုနီးရှားနိုင်ငံ Tsingshanစက်မှုဇုန်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် လူ ၁၃ဦး သေဆုံး

(GMT+08:00)2023-12-25 15:58:50  

ဒီဇင်ဘာလ ၂၄ရက်နေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi ပြည်နယ် Morowali ခရိုင် Tsingshanစက်မှုဇုန်၌ သတ္တုကျိုသည့် မီးဖိုတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ သောကြောင့် လူ ၁၃ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသောလူများ ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အလယ်ပိုင်း Sulawesi ပြည်နယ် ကယ်ဆယ်ရေးရုံး ဆောင်ရွက်ရေးအဖွဲ့မှူး လူစမာဒီက သေဆုံးသူဦးရေသည် ၁၃ဦးရှိပြီဖြစ်ပြီး  ဆေးရုံတွင် ဒါဇင်နှင့်ချီသောလူများ ကုသမှုခံယူနေကြောင်း ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့ပါသည်။