နှစ်သစ်ရောက်တော့မည်၊ ပူတင်သည် "ရင်းနှီးမှုမရှိသည့်နိုင်ငံများ"မှ ခေါင်းဆောင်တို့အား နှုတ်ဆက်မည်မဟုတ်ဟု Peskov ဆို

(GMT+08:00)2023-12-25 15:57:21  

TASS သတင်းဌာနမှ ယခုလ ၂၄ ရက်နေ့ ဖော်ပြချက်အရ ရုရှားနိုင်ငံသမ္မတ၏ မီဒီယာရေးရာ အတွင်းရေးမှူး Peskov က ရုရှားသမ္မတ ပူတင်သည် "ရင်းနှီးမှုမရှိသည့် နိုင်ငံများ"မှ ခေါင်းဆောင်တို့အား ခရစ္စမတ်နှင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်ဆုတောင်းများ ပို့ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

ယမန်နှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ရုရှား- အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများအကြား မကြုံစဖူးသော အခြေအနေတင်းမာမှု ကြောင့် ပွဲတော်နေ့များအတွက် ပူတင်မှ နှုတ်ခွန်းဆက်       ဆုတောင်းပေးပို့ခြင်းသည်  ယခင်ကထက် ပိုပြီးနည်းလာခဲ့ကြောင်း  ယနေ့ရုရှား ဝက်ဘ်ဆိုက်က ဖော်ပြပါသည်။