အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေးကို အရှိန်မြှင့်လုပ်ဆောင်ပြီး ဘေးသင့်သူများ၏ နေထိုင်မှုကို အာမခံပေးရန် သက်ဆိုင်ရာတို့ ဆောင်ရွက်နေ

(GMT+08:00)2023-12-25 15:54:41  

ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ကျီးရှီးစန်းတောင်ငလျင်ဘေးသင့်ဒေသများရှိ ရေပေးဝေရေး၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးစသည့်အခြေခံအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဘေးသင့်သူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကိုလည်း စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကန်စု ပြည်နယ် ကျီးရှီးစန်း ခရိုင်ရှိ ပျက်စီးနေသော ရေသန့်စက်ရုံ ၅ ရုံအား ပုံမှန်ပြန်လည် လည်ပတ်ခဲ့ပြီး ပျက်စီးသွားသော ပိုက်ကွန်ရက် ၁၈ ခုကို ပြန်လည်ပြုပြင်ပြီး ပုံမှန်လည်ပတ်မှုသို့ ပြန်လည်ရောက်ရှိခဲ့သည်။ တစ်ချိန်တည်းတွင် အရေးပေါ်ဓာတ်အား ပြုပြင်ခြင်းနှင့် ပြန်လည်နေရာချထားရေးနေရာများ၌ ဓာတ်အားချိတ်ဆက်ခြင်းများလည်း လုပ်ဆောင်နေပါသည်။ လက်ရှိတွင် တဲ ၈၉၃၇ လုံးနှင့် ယာယီအိမ် ၂၅၈၂ လုံးအတွက် လျှပ်စစ်မီး ချိတ်ဆက်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။