အေးခဲသော ရေခဲဆီးနှင်းများ “အသက်ဝင်လာ”

(GMT+08:00)2023-12-25 15:56:50  

ဆောင်းရာသီ၌ ရေခဲဆီးနှင်းစီးပွားရေးသည် တရုတ်နိုင်ငံတစ်ဝှမ်းတွင် ဆက်လက် အသက်ဝင် မြင့်တက်လာပါသည်။ ရေခဲဆီးနှင်းအားကစားဖြင့် ယဉ်ကျေးမှု ခရီးသွားလာရေး ပုံစံသစ်သည် အေးခဲသော ရေခဲဆီးနှင်းများကို “အသက်ဝင်လာ ”လာပြီး စားသုံးမှု စီးပွားရေး အခွင့်အလမ်းအတွက် တက်ကြွမှုအသစ်ကို စဉ်ဆက်မပြတ် ထည့်သွင်းပေးနေပါသည်။
    အင်တာနက်မှ ထုတ်ပြန်သော စာရင်းအရ နိုဝင်ဘာလမှစ၍ တရုတ်နိုင်ငံတစ်ဝှမ်းရှိ နှင်းလျှောစီးကွင်းလက်မှတ် ကြိုတင်မှာယူမှုအရေအတွက်သည် ၂၀၁၉ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၁၄၇ ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်းတွင် တရုတ် နိုင်ငံ မြောက်ပိုင်း Heilongjiang၊ Jilin၊ Liaoningနှင့် Xinjiang စသည့်ဒေသများမှ နှင်းလျှောစီးကွင်းများ၊ ရေခဲပြင်စကိတ်စီးကွင်းများ စွမ်းဆောင်ရည်အပြည့်ဖြင့် လည်ပတ် လျက်ရှိ၍ အနယ်နယ်အရပ်ရပ်မှ ဟိုတယ်များ၊ ပုဂ္ဂလိကတည်းခိုခန်းများ၊ စားသောက်ဆိုင် များလည်း ဆက်တိုက်ရေပန်းစားလာပါသည်။