အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် နေတိုးအဖွဲ့ ထောက်ပံ့ရေးနှင့် ဝယ်ယူရေး အေဂျင်စီထံ ကန်ဒေါ်လာ သန်း ၇၈၀ တန်ဖိုးရှိ လက်နက်များရောင်းချရန် အတည်ပြု

(GMT+08:00)2023-12-24 15:34:43  

ဒေသစံတော်ချိန် ယခုလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး  ဌာနက ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသည် နေတိုးအဖွဲ့ ထောက်ပံ့ရေး နှင့်ဝယ်ယူရေးအေဂျင်စီ(NSPA)ထံ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၇၈၀ ခန့် တန်ဖိုးရှိသော Stinger ဒုံးကျည်နှင့် သက်ဆိုင်ရာပစ္စည်းကိရိရာများကို ရောင်းချရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။ နေတိုးအဖွဲ့ ထောက်ပံ့ရေးနှင့် ဝယ်ယူရေး အေဂျင်စီသည် ဂျာမဏီ၊ အီတလီနှင့် နယ်သာလန်နိုင်ငံတို့ကိုယ်စား ၎င်းဝယ်ယူမှု လိုအပ်ချက်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။