နိုဝင်ဘာလတွင် တရုတ်ယွမ်ငွေသည် နိုင်ငံတကာ ငွေပေးချေမှုများအတွက် စတုတ္ထမြောက် အများဆုံး ငွေကြေးဖြစ်လာသည်ဟု SWIFTဆို

(GMT+08:00)2023-12-24 15:32:32  

    ယခုတလော Society for Worldwide Interbank Financial Telecommunications (SWIFT)မှ ပြုစုသော ငွေပေးငွေယူစာရင်းအရ ၂၀၂၃ခုနှစ် နိုင်ငံတကာ ငွေပေးချေမှု၌ တရုတ်ယွမ်ငွေ၏ အချိုးအစားသည် အောက်တိုဘာလက ၃.၆ ရာခိုင်နှုန်းရှိရာမှ နိုဝင်ဘာလတွင် ၄.၆ရာခိုင်နှုန်းရှိသည့်အထိ တိုးလာခဲ့ပြီး စံချိန်သစ် တင်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ တကမ္ဘာလုံး ငွေပေးချေမှုတွင် တရုတ်ယွမ်ငွေ၏ အချိုးအစားသည် ဂျပန်ယန်းငွေကို ကျော်လွန်ပြီး စတုတ္ထမြောက် အများဆုံးသော ငွေကြေး ဖြစ်လာကြောင်း သိရသည်ဟု China Media Groupက ဖော်ပြပါသည်။