ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထား မှုအကူအညီရေးရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်ကို ဆောလျင်စွာ လက်တွေ့ဆောင်ရွက်ရန် တောင်းဆို

(GMT+08:00)2023-12-24 15:34:18  

ဒေသစံတော်ချိန် ယခုလ ၂၂ ရက်နေ့ညက ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီ ရေးရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းသည် လမ်းကြောင်းမှန်သို့ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်ခြင်းဖြစ်ပြီး ဂါဇာဒေသပြည်သူများခံစားနေ ကြသော နာကျင်မှုများကို သက်သာစေရန် အထောက်အကူပြုနိုင်ကာ၊ ယင်းဆုံးဖြတ်ချက် အတည်ပြုရန် တမင် ဟန့်တား သို့မဟုတ် ရွှေ့ဆိုင်းစေသော နိုင်ငံများအား ဖိအားပေးခြင်း ဖြစ်ကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။