ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ကျီးရှီရှန်းဒေသတွင် ပျောက်ဆုံးသူများ ရှာဖွေကယ်ဆယ်ရေးနှင့် ဘေးသင့်သူများ ပြန်လည်နေရာချထားရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နေ

(GMT+08:00)2023-12-24 15:31:00  

ယခု ကန်းစုပြည်နယ် ကျီးရှီရှန်းဒေသ ငလျင်ဘေးဒဏ်ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရာတွင်  ဘေးသင့်သူများ ပြန်လည်နေရာချထားရေးနှင့် ဒဏ်ရာရရှိသူများ ကုသရေးများကို  အဓိကထား ဆောင်ရွက်နေပါသည်။ လက်ရှိအချိန်အထိ ဘေးသင့်သူ ၁ သိန်း ၁ သောင်း ၂၃၄၆ဦးကို ပြန်လည်နေရာချထားပေးပြီဖြစ်ပါသည်။ ဘေးသင့်သူများ နွေးထွေးစွာ ဆောင်းကူးရန်အတွက် ကန်းစုပြည်နယ်တွင် ပြန်လည်တပ်ဆင်ဖြုတ်ချနိုင်သည့် အိမ်ရာ(prefab)များ သယ်ယူပို့ဆောင်ရေးနှင့် တပ်ဆင်ရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့နေ့လယ် အထိ prefab အိမ်လုံးပေါင်း ၂၄၀၀ကျော်ကို ဘေးသင့်ရာဒေသသို့ ပို့ဆောင်ခဲ့ပြီဖြစ်ပါသည်။