တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် စည်းဝေးပွဲ ကျင်းပ

(GMT+08:00)2023-12-23 13:55:31  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ယခုလ ၂၁ ရက်နေ့မှ ၂၂ရက်နေ့အထိ ရှီကျင့်ဖိန် ခေတ်ကာလသစ်တွင် တရုတ်ဝိသေသ ထူးခြားချက်ပါရှိသည့် ဆိုရှယ်လစ်အတွေးအခေါ် လေ့လာရေးနှင့် ဖော်ဆောင်ရေးဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ဦးစီးကျင်းပပြီး အရေးကြီး မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုအကြိမ်အစည်းအဝေးသည် ထိရောက်မှုများစွာရှိပြီး နိုင်ငံရေး ဦးဆောင်အဖွဲ့ စည်းလုံးညီညွတ်မှု တိုးပွားစေရန်၊ လုပ်ငန်း တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန်နှင့် တာဝန်ထမ်းဆောင်ရန်အတွက် အကူအညီများစွာရှိကြောင်း ပြောကြားခဲ့ ပါသည်။