အမေရိကန်သမ္မတဘိုင်ဒန်သည် ၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ကာကွယ်ရေး အာဏာ အပ်နှင်းမှု ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး

(GMT+08:00)2023-12-23 13:56:00  

ဒေသစံတော်ချိန် ယခုလ ၂၂ ရက်နေ့က အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက် အရ အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒန်သည် ၂၀၂၄ ဘဏ္ဍရေးနှစ် နိုင်ငံတော်ကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရပါသည်။

 အဆိုပါဥပဒေမူကြမ်းတွင်  သုံးငွေ ဒေါ်လာ ၈၈၆ ဘီလီယံ ပါဝင်မည်ဖြစ်ပြီး ယမန်နှစ်ကထက် ဒေါ်လာ ၂၈ ဘီလီယံ တိုးလာမည်ဖြစ်ပါသည်။ ထုတ်ပေးမည့် ငွေများကို ကာကွယ်ရေးဝန်ကြီးဌာန၏ ပရိုဂရမ်များနှင့် စစ်ရေးတည်ဆောက်မှု၊ စွမ်းအင်ဝန်ကြီးဌာန၏ အမျိုးသားလုံခြုံရေးစီမံကိန်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထောက်လှမ်းရေးအစီအစဉ် များအတွက် အဓိက သုံးစွဲသွားမည်ဟု သိရပါသည်။