ယူကရိန်း တိုက်လေယာဉ်တစ်စင်းကို ရုရှားပစ်ချခဲ့သည်ဟု ရုရှား ပြောပြီး ရုရှားစစ်တပ် ကွပ်ကဲမှု ဌာနကို တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းဆို

(GMT+08:00)2023-12-23 13:58:51  

ဒေသစံတော်ချိန် ၂၂ ရက်နေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တိုက်ပွဲအစီရင်ခံစာတွင် ပြီးခဲ့သည့် သတင်းပတ်အတွင်း ရုရှားစစ်တပ်သည် Kupiyansk၊ Bonliman၊ Donetsk စသည့် ဒေသများတွင် ယူကရိန်းစစ်တပ်များ၏ တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ဖျက်ပစ်ပြီး ၎င်း၏စစ်ရေး အခြေခံအဆောက်အအုံများနှင့် လောင်စာဆီသိုလှောင်ရုံများကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ြပခဲ့သည်။

ထိုနေ့တွင်ပင် ယူကရိန်းစစ်တပ် စစ်ဦးစီးအရာရှိချုပ်ရုံးမှ ထုတ်ပြန်သော တိုက်ပွဲအစီရင်ခံစာတွင် ယူကရိန်းလေတပ်သည် ရုရှားစစ်ဝန်ထမ်းများနှင့် လက်နက်ပစ္စည်းကိရိယာ တည်နေရာများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ယူကရိန်း ဒုံးကြည်တပ်ဖွဲ့သည် ရုရှား ခဲယမ်းမီးကျောက်သိုလောင်ရေး ရုံများ၊ ကွပ်ကဲရေးစခန်းများနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း၊ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့သည် ရုရှား Su-34 တိုက်လေယာဉ်ကိုလည်း ပစ်ချခဲ့ကြောင်း ဖော်ြပခဲ့သည်။