သတ္တမ အကြိမ်မြောက် တရုတ်-အာဆီယံ ရုပ်ရှင် တင်ဆက်ပြသပွဲ ကျင်းပ

(GMT+08:00)2023-12-23 14:02:02  

ယခုလ ၂၂ရက်နေ့ညတွင် သတ္တမ အကြိမ်မြောက် တရုတ်-အာဆီယံ ရုပ်ရှင် တင်ဆက်ပြသပွဲကို တရုတ် နိုင်ငံ ကွမ်ရှီး နန်နင်း၌ စတင် ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ပြသပွဲသည် ရုပ်ရှင်ကို ပေါင်းကူးတံတား အဖြစ် အသုံးပြုပြီး တရုတ်-အာဆီယံ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။

ယခုအကြိမ် ပြသပွဲကို ယခုလ ၂၈ရက်နေ့အထိ ကျင်းပပြီး တရုတ်နှင့် အာဆီယံ ၆နိုင်ငံများမှ ရုပ်ရှင်းကား စုစုပေါင်း ၁၀ကားကို ပြသမည် ဖြစ်ကာ ပါဝင်ပြသသည့် အာဆီယံ နိုင်ငံ နှင့် ရုပ်ရှင်ကား အရေအတွက် အများဆုံးသော ပြသပွဲ တစ်ကြိမ် ဖြစ်ကြောင်း သိရပါသည်။