၂၀၂၄ ဘဏ္ဍာနှစ် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးဘတ်ဂျက်သည် စံချိန်တင်မြင့်မား

(GMT+08:00)2023-12-23 13:56:29  

ဂျပန်အစိုးရသည် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့သည့် ကက်ဘိနက်အဖွဲ့ အစည်းအဝေးတွင် ၂၀၂၄ ဘဏ္ဍာနှစ် အစိုးရ ဘတ်ဂျက်မူကြမ်းကို အတည်ပြုခဲ့ပါသည်။ ယင်းထဲတွင် ကာကွယ်ရေးဘက်ဂျက်သည် ယန်း ၇.၉၄၉၆ထရီလျံရှိပြီး ၂၀၂၃ဘဏ္ဍာနှစ်ကထက် ၁၆.၅ ရာခိုင်နှုန်း တိုးများလာကာ စံချိန်တင် မြင့်မားကြောင်း သတင်းရရှိပါသည်။

ကာကွယ်ရေးဘတ်ဂျက်ကို "တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်" မြှင့်တင်ရေးနှင့် ဒုံးကျည် ကာကွယ်ရေးစနစ် အားကောင်းစေရေး နယ်ပယ်များတွင် အဓိကထား အသုံးပြုမည်ဖြစ်ကြောင်း ဂျပန်မီဒီယာက ဖော်ပြပါသည်။ ဂျပန်နိုင်ငံသည် တာဝေးပစ်ဒုံးကျည်များ တီထွင်ထုတ်လုပ်ရေးနှင့် တပ်ဆင်ရေး အတွက် ယန်း ၇၃၄ ဘီလီယံ သုံးစွဲရန် စီစဉ်နေပြီး "Aegis" စနစ်သုံး သင်္ဘော ၂ စင်း ဝယ်ယူရန်အတွက် ယန်း ၃၇၃.၁ ဘီလီယံ သုံးစွဲမည်ဖြစ်ပါသည်။