ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန်အတွက် တရုတ်ပြည်က ဆက်လက် အားထုတ်ကြိုးပမ်းမည်

(GMT+08:00)2023-12-23 13:57:05  

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီ တာဝန်ခံ တက်ပင်းက တရုတ်ပြည်အနေနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တာဝန်သိမှု ရှိပြီး အဓိပ္ပါယ်ရှိသော ဆောင်ရွက်ချက်များကို တစ်ဆင့်တိုး ပြုလုပ်ရန်  ဆက်လက် တွန်းအားပေးလိုပြီး ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန်၊ "နိုင်ငံ ၂ နိုင်ငံ" ဖြေရှင်းရေးအဆိုပြုချက် ထိထိ ရောက်ရောက် ဖော်ဆောင်ရန်နှင့် အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းတည်ငြိမ်မှု အကောင်အထည်ဖော်ဆောင်ရန်အတွက် မလျှော့သောဇွဲဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ယခုလ ၂၂ ရက်နေ့က ပြောကြားခဲ့ပါသည်။