အဘယ်ကြောင့် ပိုမိုများပြားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ တရုတ်ပြည်သို့ လာရောက် စက်ရုံးတည်ထောင်သနည်း

(GMT+08:00)2023-12-23 14:53:31  

ယခုလ ၂၂ရက်နေ့က တရုတ် နိုင်ငံ ရှန်ဟိုင်းမြို့ လင်းကန်ရှိ Teslaရှန်ဟိုင်း စူပါစက်ရုံသည် တရားဝင် စတင် လည်ပတ်ခဲ့ပါသည်။ ယင်းသည် အမေရိကန် နိုင်ငံ အပြင် Tesla၏ ပထမဆုံး စူပါစက်ရုံ ဖြစ်ပါသည်။

ယခုနှစ်တွင် Teslaကဲ့သို့သော တရုတ် နိုင်ငံတွင် စက်ရုံတည်ထောင်သော နိုင်ငံခြား ကုမ္ပဏီ ပိုမိုများပြားလာပါသည်။ နောက်ဆုံးရရှိသော စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ တရုတ် နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော ကုမ္ပဏီ ၄၈၀၇၈ခုကို အသစ် တည်ထောင်ပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၃၆.၂ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှေးကွေးလာပြီး ပထဝီ အနေအထားအရ နိုင်ငံရေး ကစားမှု အရှိန်မြင့်လာသည်နှင့် အမျှ တရုတ် ဈေးကွက်သည် ဆွဲဆောင်မှု ပိုရှိလာပြီး တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းသည် အဓိက ရေစီးကြောင်းနှင့် အလားအလာ ဖြစ်လာပါသည်။

တရုတ် နိုင်ငံသို့ လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှု ပြလုပ်နေသော နိုင်ငံခြား ကုမ္ပဏီ တိုးပွားလာရုံ သာမက တရုတ် နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေး ဖွဲ့စည်းပုံလည်း ဆက်တိုက် ကောင်းမွန်မျှတလာပါသည်။ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ တရုတ် အဆင့်မြင့် နည်းပညာ လုပ်ငန်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တရုတ် ယွမ်ငွေ ၃၈၆.၆၅ဘီလီယံကို ဆွဲဆောင်ပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ပိုများကြောင်း သိရပါသည်။

သက်ဆိုင်ရာ ပညာရှင်များက ယင်းသည် တရုတ် နိုင်ငံရှိ နိုင်ငံခြား လုပ်ငန်းရှင်များသည် သိပ္ပံနည်းပညာမြင့်မားသော၊ နည်းပညာ အဆင့်အတန်းမြင့်မားသော၊ တီထွင်ဖန်တီးမှုကို အဓိကထား လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်းနယ်ပယ်များကို ပိုမို ရင်းနှီးမြှုပ်နှံလာခြင်းကို ပြဆိုနေကြောင်း၊ ယင်းသည် တရုတ် စီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ လိုအပ်ချက်နှင့် ကိုက်ညီကြောင်း ပြောကြားပါသည်။

မကြာခင်က နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့၊ အာရှ ဖွံ့ဖြိုးရေးဘဏ်စသည့် နိုင်ငံတကာ အဖွဲ့အစည်းနှင့် လုပ်ငန်းဌာနများသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းခြေကို တိုးမြှင့်ခဲ့ပါသည်။