ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဂါဇာဒေသအား လူသားချင်းစာနာထောက်ထားမှုကို တိုးမြှင့်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြု

(GMT+08:00)2023-12-23 13:59:32  

ဒီဇင်ဘာလ ၂၂ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ထောက်ခံမဲ (၁၃)မဲ၊ ကြားနေမဲ (၂)မဲဖြင့် ဆုံးဖြတ်ချက် အမှတ် (၂၇၂၀)ကို အတည်ပြုခဲ့ရာတွင် “ဂါဇာဒေသတစ်ခုလုံးရှိ ပါလက်စတိုင်းအရပ်သူအရပ်သားများအား လူသားချင်း စာနာထောက်ထားမှုကို ဘေးကင်းစွာ၊ အတားအဆီးမဲ့စွာနှင့် အတိုင်းအတာကြီးမားစွာ ချက်ချင်း တိုက်ရိုက် တင်ပေးရန် တောင်းဆိုသည့်အပြင် ရန်ပြုမှုများကို ရေရှည်ရပ်စဲရန် အခြေအနေ ဖန်တီးပေးရန်လည်း တောင်းဆိုကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။