ကျန်းရှီးပြည်နယ် ကျီအန်းမြို့တွင် မြေဆီလွှာနှင့် ရေကို ထိန်းသိမ်းရန်အတွက် မြက်ပင်များစိုက်ပျိုး

(GMT+08:00)2023-12-22 15:29:34  

ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျန်းရှီးပြည်နယ် ထိုက်ဟိုခရိုင် ဝူရှမ်းစိုက်ပျိုးကွင်းရှိ ဂေဟစနစ်မြက်ခင်းစိုက်ပျိုးရေးစခန်းတွင် လယ်သမားများက မြက်ပင်များကို ရိတ်သိမ်းနေကြသည်။  ယခုနှစ်များတွင် ထိုက်ဟိုခရိုင်က မြစ်သဲသောင်ကုန်းများကို အသုံးပြုပြီး သဲများကိုကာကွယ်ရန်၊ ရေကို ထိန်းသိမ်းရန်၊ ကန်ဘောင်နှင့် တာတမံကို ကာကွယ်ရန်၊ ဂေဟပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရန် မြက်ပင်များစိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်ကြသည်။