တရုတ်ပြည် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို နိုင်ငံတကာ အဖွဲ့အစည်းများစွာက တိုးမြှင့်သတ်မှတ်ခြင်း အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

(GMT+08:00)2023-12-22 15:35:29  

မကြာမီက နိုင်ငံတကာ အဖွဲ့အစည်းများစွာတို့သည် ယခုနှစ် တရုတ်ပြည် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို တိုးမြှင့် သတ်မှတ်ခဲ့ပြီး လာမည့်နှစ် တရုတ်ပြည် စီးပွားရေး တိုးတက်မှု အပေါ်လည်း အကောင်းမြင်ကြောင်း ဖော်ပြခဲ့ကြပါသည်။

   ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံသည် အရည်အချင်းမြင့်မားသော တံခါးဖွင့်ရေးကို ဆက်လက် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံတကာမိသားစုကြီးနှင့် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး၏ အကျိုးစီးပွားများကို အတူ မျှဝေခံစားကြမည် ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။