ဂါဇာဒေသတွင် လူ ၂၂သိန်းခန့်သည် ပြင်းထန်သော အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ဆို

(GMT+08:00)2023-12-22 15:31:26  

ဒီဇင်ဘာလ ၂၁ရက်နေ့ထုတ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အစီရင်ခံစာတစ်ရပ်တွင် ဂါဇာဒေသမှာ လူ ၂၂သိန်းခန့်သည် ပြင်းထန်သော အငတ်ဘေး နှင့်ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။

 ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က တိရစ္ဆာန်များကို ကာကွယ်ရန်နှင့် အသက်မွေးဝမ်းကြောင်းပြုရန်အတွက် ဂါဇာဒေသသို့ ဝင်ရောက်နိုင်လျှင် မိမိအဖွဲ့သည် တိရစ္ဆာန်အစာ (မုယောတန်ချိန် ၁၅၀၀)၊ ရေတိုင်ကီ၊ တိရစ္ဆာန်ဆေးကိရိယာအထုတ် များနှင့် လောင်စာများကို ဂါဇာဒေသသို့ ချက်ချင်းပို့ဆောင် မည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။