ရှာဖွေကယ်ဆယ်ရေးခွေးသည် အဝေးထိန်းကိရိယာကို တပ်ဆင်ပြီး ငလျင်ဘေးသင့်ဒေသသို့ ဝင်ရောက်

(GMT+08:00)2023-12-22 15:34:25  

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စန်းတုန်းမီးသတ်ရှာဖွေကယ်ဆယ်ရေးခွေးတစ်ကောင်ကို "ရှာဖွေကယ်ဆယ်ရေးခွေး အဝေးထိန်းကိရိယာ" တပ်ဆင်ခဲ့ပါသည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဝန်ထမ်းများသည် ခွေးပေါ်မှာတပ်ဆင်ထားသော ကင်မရာ၊ အသံနှင့် ဗီဒီယို စနစ်တို့မှတစ်ဆင့် လူသားများ ဝင်ရောက်၍မရသော ကျဉ်းမြောင်းသည့်နေရာများ၏ အခြေအနေကို စုံစမ်းနိုင်သည့်အပြင်  ရှာဖွေကယ်ဆယ်ရေးအတွက်လည်း အဝေးမှ အမိန့်ပေးနိုင်ပါသည်။