ဂီနီနိုင်ငံ မြို့တော်တွင် ရေနံဒိုင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၃ ဦးအထိ တိုးလာ

(GMT+08:00)2023-12-22 15:23:53  

  

ဂီနီနိုင်ငံ မြို့တော် ကွန်နာခရီတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်အစောပိုင်းက ရေနံဒိုင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် လူ ၂၃ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂီနီ ကူးပြောင်း အစိုးရက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ၂၁ရက်နေ့မှစပြီး ၃ရက်ကြာ ဂီနီနိုင်ငံ၏ ပြည်လုံးဆိုင်ရာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ရက်များအဖြစ် သတ်မှတ်သည်ဟု သတင်းရရှိပါသည်။