ချက်နိုင်ငံ Charles တက္ကသိုလ်မှာ ပစ်ခတ်မှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံး

(GMT+08:00)2023-12-22 15:14:51  

ဒေသစံတော်ချိန် ၂၁ ရက်နေ့က ချက်နိုင်ငံ ရဲဘက်မှ ချက်နိုင်ငံ Pragueမြို့တော် ရှိ Charles တက္ကသိုလ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမား အပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိပြီး ယင်းတို့အနက် ၁၀ ဦးက ဒဏ်ရာ ပြင်းထန်ကြောင်း ပြောကြားခဲ့သည်။ သေနတ်သမား တစ်ဦးသေဆုံးခဲ့ပြီး အခြားသံသယရှိသူကို မတွေ့ရှိသေးကြောင်း ရဲဘက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ချက်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Larkosan က လက်ရှိအချိန်တွင် အဆိုပါ ပစ်ခတ်မှုသည် နိုင်ငံတကာ အကြမ်းဖက်မှုနှင့် ဆက်စပ်ခြင်း အခြေအနေ မတွေ့ရှိကြောင်း ပြောကြားခဲ့သည်။