တရုတ်-အမေရိကန် "စားပွဲတင်တင်းနစ် သံတမန်ရေး" တည်ထောင်ခဲ့သည့် ၅၂ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို လော့စ်အိန်ဂျလိစ် မြို့၌ ကျင်းပ

(GMT+08:00)2023-12-22 15:32:11  

  ဒီဇင်ဘာလ ၂၀ ရက်နေ့က တရုတ်-အမေရိကန် "စားပွဲတင်တင်းနစ် သံတမန်ရေး" တည်ထောင်ခဲ့သည့် ၅၂ နှစ်မြောက်အထိမ်းအမှတ် ဖိုရမ်နှင့် ညစာစားပွဲကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်တွင် ကျင်းပခဲ့ပြီး နှစ်နိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ ရာနှင့်ချီတက်ရောက်ခဲ့ကြသည်။ လော့စ်အိန်ဂျလိစ်မြို့ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် Guo Shaochun က မိန့်ခွန်းပြောကြားရာတွင် သမ္မတရှီကျင့်ဖိန် ပြောကြားခဲ့သည့်အတိုင်း တရုတ်-အမေရိကန် ဆက်ဆံရေး၏ မျှော်လင့်ချက်သည် ပြည်သူများ၌ တည်ရှိပြီး အခြေခံအုတ်မြစ်သည် အရပ်ဘက်၌ တည်ရှိကာ အနာဂတ်သည် လူငယ်များတွင် တည်ရှိ၍ ရှင်သန်မှုသည် အရပ်ဘက်၌ တည်ရှိကြောင်း၊ "စားပွဲတင်တင်းနစ် သံတမန်ရေး" စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံ ပြည်သူများ၏ ချမ်းသာသုခကို မြှင့်တင်ရန်အတွက် နှစ်ဖက်စလုံးမှာ ဘုံတာဝန်ဝတ္တရားရှိကြောင်း ပြောကြားခဲ့သည်။