ရှီကျင့်ဖိန်၏ နိုင်ငံရေး စီမံခန့်ခွဲမှု စာအုပ် ပထမအတွဲ (ဘီလာရုစ်ဘာသာ) ပထမဆုံးအကြိမ်ထုတ်ဝေခြင်း မိတ်ဆက်ပွဲအခမ်းအနားနှင့် တရုတ်-ဘီလာရုစ် နိုင်ငံရေး စီမံခန့်ခွဲမှု ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2023-12-22 15:30:41  

ရှီကျင့်ဖိန်၏ နိုင်ငံရေး စီမံခန့်ခွဲမှု စာအုပ် ပထမအတွဲ (ဘီလာရုစ်ဘာသာ) ပထမဆုံးအကြိမ်ထုတ်ဝေခြင်း မိတ်ဆက်ပွဲအခမ်းအနားနှင့် တရုတ်-ဘီလာရုစ် နိုင်ငံရေး စီမံခန့်ခွဲမှု ဆွေးနွေးပွဲကို မကြာမီက ဘီလာရုစ်နိုင်ငံ မင့်စ်မြို့တော်တွင် ကျင်းပခဲ့ ပါသည်။ တရုတ်-ဘီလာရုစ်နှစ်နိုင်ငံမှ နိုင်ငံရေးပုဂ္ဂိုလ်များ၊ မီဒီယာများ၊ တတ်သိပညာရှင် ကိုယ်စားလှယ်ပေါင်း၅၀၀ကျော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြ ပါသည်။

    အခမ်းအနားသို့ တက်ရောက်ကြသော ဧည့်သည်တော်များက တရုတ်နိုင်ငံမှ နိုင်ငံရေး စီမံခန့်ခွဲမှုနယ်ပယ်တွင် ရရှိခဲ့သည့် အောင်မြင်မှုအတွေ့အကြုံများကို ဘီလာရုစ်နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် အတုယူလေ့လာနိုင်ကြောင်း၊ တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အပြောင်းလဲကြီးပြောင်းလဲနေသော ကမ္ဘာကြီးအတွက် ပိုမိုများပြားသော တည်ငြိမ်မှု ထည့်သွင်းပေးနိုင် ကြောင်း၊ တရုတ်နိုင်ငံမှ ဖော်ပြသော “Belt and Road”အတူတကွတည်ဆောက်ရေး အဆိုပြုချက်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောတူညီမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ စုစည်းနိုင်သော မွန်မြတ်သောလုပ်ငန်း ဖြစ်ပြီး “Belt and Road”အတူတကွတည်ဆောက်ရေးတွင် ပါဝင်သော နိုင်ငံများသည် အကျိုးခံစားလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။