မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးတို့ ရရှိခဲ့သည့် သဘောတူညီမှုများကို အကောင်အထည် ဖော်ဆောင်ရန် တရုတ်နိုင်ငံက တစ်လျှောက်လုံး တက်ကြွစွာ တွန်းအားပေးနေခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-12-22 15:13:56  

ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေနှင့် ပတ်သက်ပြီး သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် မိမိတို့သည် မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးတို့ ရရှိခဲ့သည့် သဘောတူညီမှုများကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရန်၊ အတတ်နိုင်ဆုံးထိန်းပြီး ယင်းဒေသများ၏ အခြေအနေ ပြေလည် စေဖို့ ဆောင်ရွက်ရန်၊ အပစ်အခတ် ရပ်စဲရေးဖြစ်စဉ်တွင် ရှောင်တခင် ဖြစ်ပွားသော အငြင်းပွားမှုတွေကို သင့်တော်စွာ စီမံထိန်းချုပ်ပြီး အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှု၏ အရှိန်ကို ထိန်းသိမ်းထားရန် မိမိတို့ တစ်လျှောက်လုံး တက်ကြွစွာ တွန်းအားပေးနေခဲ့ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု တွန်းအားပေးရေး လုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေ ပြေလည်ရေးကို လက်တွဲ တွန်းအားပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးတို့ အနေနှင့် တရုတ်နှင့် မြန်မာ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးကို အစွမ်းကုန် ထိန်းသိမ်းရန်၊ မြန်မာနိုင်ငံရှိ တရုတ် ပရောဂျက်များနှင့် ဝန်ထမ်းများ၏ လုံခြုံမှုကို ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။